နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်
မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် (၁၉.၁.၂၀၂၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မံစီဈေးရှေ့တွင်ဈေးဝယ်သူ/ဈေးရောင်းသူများ၊လမ်းသွားလမ်းလာပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေ၍ COVID 19ရောဂါကာကွယ်၊ထိန်းချုပ်ရေးအတွက် သရုပ်ပြကပြဖျော်ဖြေခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
(၂၀.၁.၂၀၂၁)ရက်နေ့တွင် နံနက်(၇)နာရီအချိန်တွင် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ၊ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အား/ကာမှူး ဒေါ်ခင်မိုးသဲ၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများနှင့်ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ၀န်ထမ်းများပူးပေါင်း၍ ပူတာအိုမြို့ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး(မနက်ဈေး)နှင့် လေယာဉ်ကွင်းဈေး(မနက်ဈေး)၊ လေယာဉ်ကွင်း ရုပ်ထုလမ်းဆုံနေရာများတွင် ဈေးဝယ်သူ/ဈေးရောင်းသူများ၊လမ်းသွား/လမ်းလာ ပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေ၍ COVID 19ရောဂါကာကွယ်၊ထိန်းချုပ်ရေးအတွက် သရုပ်ပြကပြဖျော်ဖြေခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဇန်နဝါရီ (၂၄) ရက် နံနက်( ၈) နာရီအချိန်တွင်အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ခရိုင်မန်နေဂျာဦးတင်ကိုကို၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိ်မ်းရေးဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမန်နေဂျာဦးသိန်းလွင်၊ ခရိုင်ဥပဒေအရာရှိ ဦးဇော်မျိုးအောင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီးဦးအောင်သူ၊ ဒုခရိုင်တိုင်းရင်းဆေးမှူးဒေါ်ခန့်ခန့်စိုး၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့်သစ်တောဝန်ထမ်းများ ပူးပေါင်း၍ သိမ်တော်ကြီးရှေ့ လမ်းဆုံ၌ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(၂၅၀၀)ခု အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ ရှောင်ရန် စည်းကမ်းများ အသိပေးကြေညာခြင်းများကိုယင်းအပြင် ဗန်းမော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအစီအစဉ်ဖြင့် လိုက်ပါဆောင်ရွက်ကြသော Fitness Danceအဖွဲ့ကလည်း COVID-19ရောဂါကျန်းမာရေးအသိပညာပေးခဲ့ကြောင်း၊ အဆိုပါလှုပ်ရှားမှုကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။