skip to content

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်

မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် (၁၀.၁.၂၀၂၀၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့နယ်ကျန်းမာရေးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးညှင်းမြို့ မြို့မစျေးကြီးအတွင်း ဈေးဝယ်သူ/ဈေးရောင်းသူများ၊လမ်းသွားလမ်းလာပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

(၁၂.၁.၂၀၂၁ )ရက်နေ့ ညနေ(၅)နာရီ အချိန်တွင်ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်၍ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် ဝန်ထမ်းများ ၊ မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ မြစ်ကြီးနားမြို့ လူစည်ကားရာ နေရာများတွင် လမ်းသွား၊ လမ်းလာပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

 


back to top Eng