skip to content

နေပြည်တော်၊ သြဂုတ်(၂)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ကြီးမှူး၍ SMM 3rd Asian “Asia World Foundation” U-23 Men's Volleyball Championship ပြိုင်ပွဲကို သြဂုတ် ၃ရက်မှ ၁၁ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံနှင့်(C)ရုံတို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

တတိယအကြိမ်မြောက် အာရှအသက်(၂၃)အောက်အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းသည် အုပ်စု(က)၏ အုပ်စုတွင်း အဖွင့်ပွဲစဉ်အဖြစ် ၃.၈.၂၀၁၉ ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်း၊ ၄.၈.၂၀၁၉ ရက်နေ့ နေ့လည် (၁:၃၀)အချိန်တွင် သိရီလင်္ကာအသင်းနှင့်လည်ကောင်း၊ ၅.၈.၂၀၁၉ ရက်နေ့ နေ့လည် (၁:၃၀)အချိန်တွင် သြစတေးလျအသင်းနှင့်လည်ကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် ပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။ 

 

 

 


back to top Eng