skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).

နေပြည်တော်၊အောက်တိုဘာ(၃၁)ရက်။             

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီး၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအထောက်အကူပြုရန် ရည်ရွယ်၍ ဖွင့်လှစ်သော Physical Fitness Dance သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းအား နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အဆိုပါသင်တန်းသို့ ယနေ့နေ့လည် (၁၂)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကျန်းမာရေးအသိပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး (တာ၀န်) ဒေါက်တာသက်နိုင်စိုးမှ "ကာယလှုပ်ရှားမှုနှင့် အားကစားတွင် ပုံမှန်ပါ၀င်ဆောင်ရွက်ခြင်းဖြင့် တစ်သက်တာ ကျန်းမာရေးသုခကို ခံစားရရှိစေနိုင်သည်" ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ရာ ကာယလှုပ်ရှားမှုနှင့် အားကစားတွင် ပုံမှန်ပါ၀င်ဆောင်ရွက်ခြင်းသည် ဆိုးရွားသော ကျန်းမာရေး ရလာဒ်များ၏ အန္တရာယ်မှ လျှော့ချပေးနိုင်ကြောင်း၊ ကာယလှုပ်ရှားမှုအနည်းငယ်ပြုခြင်းသည်ပင်လျင် လုံး၀မပြုလုပ်ခြင်းထက် များစွာအကျိုးရှိစေပါကြောင်း၊ ကာယလှုပ်ရှားမှုများသည် အသက်အရွယ်နှင့် ပင်ကိုယ်ကျန်းမာရေး အခြေခံပေါ်မူတည်၍ ပို၍ထိထိရောက်ရောက်၊ ပို၍အကြိမ်ရေများများ၊ ပို၍အချိန်ကြာကြာ ဆောင်ရွက်နိုင်သည်နှင့်အမျှ ကျန်းမာရေးရလာဒ်ကောင်းကျိုးများကို ပိုမိုရရှိစေ ပါ ကြောင်း၊ သွက်သွက်လက်လက် လမ်းလျှောက်ခြင်းကဲ့သို့သော အတန်အသင့် ပြင်းထန်သည့် ကာယလှုပ် ရှားမှုမျိုးကို တစ်ပတ်လျှင် အနည်းဆုံး မိနစ်(၁၅၀)ခန့် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာခြင်းအကျိုးရလာဒ်ကို ထိထိရောက်ရောက်ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ထက်ပို၍ လုပ်ဆောင်နိုင်လေ ပို၍အကျိုးရှိလေ ဖြစ်မည်ဖြစ်ကြောင်း၊ သက်လုံနှင့်ကြွက်သားကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာ ကာယလှုပ်ရှားမှု နှစ်မျိုးစလုံးက ကျန်းမာရေးအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ကာယလှုပ်ရှားမှုအား တီးလုံး(Music)နှင့် တွဲဖက်၍ နေ့စဉ်ပုံမှန်လုပ်ဆောင်မှုသည် လူမျိုးတိုင်း၊ ဒေသတိုင်းတွင်ရှိသည့် ကလေးသူငယ်များ၊ ဆယ်ကျော်သက်အရွယ်များ၊ လူငယ်များ၊ လူလတ်ပိုင်းများ၊ သက်ကြီးပိုင်းများ အားလုံးအတွက် သက်ရောက်မှုရှိမည်ဖြစ်ပါကြောင်း၊ ကိုယ်၀န်ဆောင်၊ မသန်စွမ်းသောသူများနှင့် နာတာရှည်ရောဂေါ၀ဒနာ ခံစားနေရသူများပင်လျင် ကာယလှုပ်ရှားမှုကြောင့် ကျန်းမာရေးအကျိုးရလာဒ်များ ခံစားရရှိ စေနိုင်မည်ဖြစ်ကြောင်း  ဟောပြောပို့ချခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည့်နယ်အသီးသီးမှ တက်ရောက်သင်ကြားနေသော သင်တန်းသား/ သင်တန်းသူများအား ကျန်းမာရေးအသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပ‌ေသည်။
 


back to top Eng