skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home/cp391570/public_html/spedmyanmar.com/includes/menu.inc).
 
နေပြည်တော်၊ဇူလိုင်(၂၇)ရက်။
 
အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IWF Development Progrom 2019 Seminar and Workshop For Technical Officials  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall  ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂ္ဂါအေးနှင့်တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်(IWF) နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်အနေဖြင့် အလေးမအားကစားနည်းကို နိုင်ငံအသီးသီးတွင် ပိုမိုတိုးတက်စေသောရည်ရွယ်ချက်ဖြင့် ပံ့ပိုးကူညီပေးသော အစီအစဉ်အရဖွင့်လှစ်သည့်ကောင်းမွန်ပြီး အကျိုးရှိတဲ့ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်၀တဲ့ ဒိုင်လူကြီးကောင်းများ၊ ပြိုင်ပွဲများတွင် မှန်ကန်တိကျစွာ တာ၀န်ထမ်းဆောင်နိုင်ဖို့နှင့် ပြည်ပပြိုင်ပွဲများတွင် ဒိုင်တာ၀န်ထမ်းဆောင်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ဒိုင်တာ၀န်ထမ်းဆောင်မည့်သူများအနေဖြင့် အင်္ဂလိပ်ဘာသာစကား၊ ပြိုင်ပွဲကျင်းပရေးနည်းဥပဒေများကိုလည်း စဉ်ဆက်မပြတ်လေ့လာဖို့ လိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း သိရှိလိုသည့်အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး အမြင်ချင်းဖလှယ်ပြီး အကျိုးကျေးဇူးရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေးပွဲတက်ရောက်သည့်သူများအနေဖြင့်  အရည်အချင်းပြည့်၀ပြီး သမာသမတ်ရှိသည့် ဒိုင်လူကြီးများဖြစ်လာစေရန် အထူးကြိုးစားလေ့လာကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
 
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ် (IWF)နည်းစနစ်နှင့် ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman မှ အဖွင့်နှုတ်ခွန်းဆက်ပြောကြားရာတွင် မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သောကြောင့် စိတ်၀င်တစားနှင့်လေ့လာကြစေလိုကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပေးခဲ့ကြသော တာ၀န်ရှိလူကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ထို့နောက် IWF Development Progrom 2019 Seminar and Workshop For Technical Officials  ဆွေးနွေးပွဲသို့တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုခဲ့ကြပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂ္ဂါအေးနှင့်တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ် (IWF)နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
 
 
အဆိုပါဆွေးနွေးပွဲကို (၂၇.၇.၂၀၁၉) ရက်နေ့မှ (၂၈.၇.၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၂) ဦး၊ သင်တန်းသူ(၁၈) ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

back to top Eng