skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).
နေပြည်တော်၊ ဒီဇင်ဘာလ(၁၀)ရက်။
 
ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ သော virtual G20 နိုင်ငံခေါင်းဆောင်များအစည်အဝေးတွင် virtual format ဖြင့်ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့်ခေါင်းဆောင်များက တိုကျိုအိုလံပစ်၊ မသန်စွမ်းသူ များအိုလံပစ်နှင့် ၂၀၂၂ခုနှစ်၊ ပေကျင်းအိုလံပစ်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပရေးအတွက် အစွမ်း ကုန်ထောက်ခံကူညီသွားမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီIOCမှသတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင် Covid 19 အကျပ် အတည်းကာလတွင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အားကစား၏အရေးပါမှုကို အသိအမှတ်ပြုသည့်အနေဖြင့် WHOနှင့်IOCတို့အကြား ပူပေါင်းဆောင် ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး Healthy Together လှုပ်ရှားမှုကိုဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ Covid 19 သည်အသိုက်အဝန်းအားလုံးအကြား ပိုမိုစုစည်းညီညွတ်မှုရှိရန် လိုအပ်မှုကို မီးမှောင်ထိုးပြသနိုင်ခဲ့ကြောင်း သိရှိရပါသည်။
 
အဆိုပါအစည်းအဝေးတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံG20ဥက္ကဌမှ ပြောကြားရာတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် virtual G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့သော ကမ္ဘာ့ခေါင်းဆောင်များသည် တိုကျို၂၀၂၀အိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ၊ ပေကျင်း၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတို့ ကျင်းပနိုင်ရေးအတွက် အပြည့်အဝထောက်ခံပါကြောင်း၊ Covid 19 ကပ်ရောဂါဆိုးကြီးကျော်လွှားရာ၌ လူသား တို့၏ ဒူပေနာပေဒဏ်ခံနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှု၏ အမှတ်အသားအနေဖြင့် တိုကျို၂၀၂၀အိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲကို လာမည့်နှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည့် ဂျပန်နိုင်ငံ၏ဆုံးဖြတ်ချက်ကို ၎င်းတို့က ထောင်ခံခဲ့ကြသည့် အပြင် ၂၀၂၂ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပသွားနိုင်မည့်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC)၏ဥက္ကဌဖြစ်သူ သောမတ်စ်ဘတ်ခ်က ပြောကြားရာတွင် အားကစားကလူသားများ၏အသက်ကိုကယ်တင်နိုင်သည်၊ Covid 19 အကျပ် အတည်းကာလအတွင်း လူအများ၏ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အားကစားသည်မည်မျှပင်အရေကြီးကြောင်း၊ ကျွန်ုပ်တို့ သိမြင့်ကြပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက IOCနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ အသိအမှတ်ပြုပြီး၊ ၎င်းသဘောတူညီချက်အပြီးမှာ ကုလသမဂ္ဂ၊ WHOနှင့်IOC တို့က Healthy Together ဟုခေါ်သော ပူးတွဲအမှတ်အသားဖြင့် နိုင်ငံတကာအဆင့်စီမံချက်များနှင့်အတူ စည်းရုံးလှုံဆော်ရေး လှုပ်ရှားမှုများအားစတင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုမှာလည်း ပါဝင်ရန်ပြင်ဆင်နေကြပြီး၊ Covid 19 အလွန်ကာလ၌ ကမ္ဘာလုံးဆိုင်ရာသွေးစည်းညီညွတ်မှု၏ အရေးကြီးပုံ အားအလေးထားပြောကြားခဲ့ပြီး ဤအကျပ်အတည်းကနေ အရေးကြီးသင်ခန်းစာတစ်ခုအနေဖြင့် ပိုပြီး စည်းလုံးညီညွတ်မှုလိုသည်ကို ကျွန်တော်တို့သင်ယူခဲ့ကြပြီး၊ လူ့အသိုက်အဝန်းအတွင်းနှင့် လူ့အဖွဲ့အစည်းများအကြား အချင်းချင်းပို၍ စည်းလုံးညီညွတ်မှုရှိနေဖို့လိုအပ်ပါကြောင်း၊ ရွှေ့ဆိုင်းထားခဲ့ရသည့် တိုကျို၂၀၂၀အိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲကို သွေးစည်း ညီညွတ်မှုအကျိုးအနေနှင့် မကြာမီကာလအတွင်းကျင်းပသွားနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသား အိုလံပစ်ကော်မတီ(၂၀၆)ခုနှင့် IOC Refugee အိုလံပစ်အသင်းတို့ပါဝင်သော အိုလံပစ်အားကစား ပြိုင်ပွဲကို ကျွန်ုပ်တို့လူသားမျိုးနွယ်စုများအားလုံး စည်းစည်းလုံးလုံးရှိမှုနှင့် ဒူပေနာပေ ဒဏ်ခံနိုင် ရည်ရှိမှု သွေးစည်းညီညွတ်မှုတို့နှင့် ခိုင်လုံသည့် သက်သေပြချက်ဖြစ်ကြောင်းကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို ဝေမျှခွင့်ပေးသည့်အတွက် ဝန်ကြီးချုပ်စူဂါကို အလွန်ကျေးဇူးတင်မိပါကြောင်း၊ မည်သည့်ခွဲခြားဆက်ဆံမှုမှမရှိဘဲ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၏အမှတ်အသားဖြင့် အိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ရန်အတွက် ကျွန်ုပ်တို့၏နိုင်ငံရေးကြားနေမှုကို ထောက်ခံရန် နှိမ့်ချစွာတောင်းပန်ပါကြောင်း၊ အိုလံပစ်အားကစားပြိုင်ပွဲများနှင့် IOCတို့၏ နိုင်ငံရေးကြားနေမှုကို ထောက်ခံရန် G20 အဖွဲ့ဝင်နိုင်ငံများသို့ တောင်းဆိုခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ ဂျပန်ဝန်ကြီးချုပ် စူဂါဟိုရှီဟိဒဲပြောကြားရာတွင် တိုကျိုအိုလံပစ်အားကစား ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲများကို လူသားများမှဗိုင်းရပ်စ်အား ကျော်လွှားနိုင် သည့်သင်္ကေတတစ်ခုအဖြစ် ကျင်းပရန် စိတ်ပိုင်းဖြတ်ထားပါကြောင်း၊ IOC ဥက္ကဌတွင်လည်းအလား တူဆုံးဖြတ်ချက်ရှိပါကြောင်း၊ ယခင်ရက်တွေ့ဆုံခဲ့စဉ်က ကြားသိခဲ့ရသည့်အတွက် လုံခြုံစိတ်ချရသည့်အားကစားပြိုင်ပွဲများကို သေချာပေါက် အစွမ်းကုန်ကြိုးစား ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။
 
ဆက်လက်၍ ဒေါက်တာတက်ဒရိုအာဒန်နမ်ဂရီဘရီယက်စ်၊ ညွန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပြောကြားရာတွင် နောက်ဆုံးအနေဖြင့် ဝန်ကြီးချုပ်စူဂါဟိုရှီဟိဒဲ ကြိုဆိုလက်ခံပါကြောင်း၊ တစ်ကမ္ဘာလုံးတွင်ကပ်ဘေးကျော်လွှားနိုင်မည့် မျှော်လင့်ချက်၏ သင်္ကေတအဖြစ် လာမည့်နှစ်တွင်ကျင်းပမည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို အောင်မြင်မှုရရှိအောင် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီနှင့်အတူ WHO ကပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ IOCနှင့် အိုလံပစ်အားကစားပြိုင်ပွဲများကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

back to top Eng