skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).
 
နေပြည်တော်၊ မေ ၁၈
 
၁။ (၃၀)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း(၃၁)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်း(၂၀)နည်းမှ နိုင်ငံတော်အတွက် ရွှေတံဆိပ်(၄)ခု၊ငွေတံဆိပ်(၁၈)ခု၊ကြေးတံဆိပ်(၅၁)ခုဆွပ်ခူး ရရှိခဲ့ပါသည်။
၂။ ထို့သို့နိုင်ငံဂုဏ်ဆောင်ခဲ့သော အဖွဲ့ချုပ်များအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားများ နှင့်အုပ်ချုပ်/နည်းပြအဖွဲ့များအား နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ပြု ဆုကြေးငွေများအား စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် နေပြည်တော်ရှိဆုရ(ဝန်ထမ်း) အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား (၁၈.၅.၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာဌာနခွဲများ အလိုက်လည်းကောင်း၊ ရန်ကုန်မြို့ရှိဆုရ (ဝန်ထမ်း/ပြင်ပ) အားကစား သမားများ နှင့် အုပ်ချုပ် /နည်းပြများအား ရန်ကုန် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)တွင် (၂၀.၅.၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ရောက်ရှိနေသော အားကစားသမားများနှင့်အုပ်ချုပ်/နည်းပြများအား သက်ဆိုင်ရာ အဖွဲ့ချုပ်များ ၏အစီအစဉ်ဖြင့် လည်းကောင်းထုတ်ဝေပေးသွားမည်ဖြစ်ပါသည်။
၃။ ဆုရအားကစားအဖွဲ့ချုပ်များမှာ(ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော်(ကနူ/ကယက်၊ရိုးရာလှေ၊အနောက်တိုင်းလှေ)၊ ပြေးခုန်ပစ်၊ မြားပစ်၊ ဂျုဒို၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ဘောလုံး(ကျား/မ)၊ ကရာတေး၊ ပီတန်း၊ရွက်လှေ၊ဝူရှူး) တို့ဖြစ်ပါသည်။
၄။ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများမှာ -
ရွှေတစ်ဦးချင်း - ၁၅၀ သိန်း
ရွှေအသင်းလိုက်(တစ်ဦးလျှင်) - ၁၀၀ သိန်း
ငွေတစ်ဦးချင်း - ၇၅ သိန်း
ငွေအသင်းလိုက်(တစ်ဦးလျှင်) - ၅၀ သိန်း
ကြေးတစ်ဦးချင်း - ၅၀ သိန်း
ကြေးအသင်းလိုက်(တစ်ဦးလျှင်) - ၃၀ သိန်း
ရွှေ (နည်းပြ)အဖွဲ့ - ၅၀ သိန်း
ငွေ (နည်းပြ)အဖွဲ့ - ၃၀ သိန်း
ကြေး (နည်းပြ)အဖွဲ့ - ၂၀ သိန်း
ရွှေ (အုပ်ချုပ်သူ)အဖွဲ့ - ၃၀ သိန်း
ငွေ (အုပ်ချုပ်သူ)အဖွဲ့ - ၂၀ သိန်း
ကြေး (အုပ်ချုပ်သူ)အဖွဲ့ - ၁၀ သိန်း
အုပ်ချုပ်/နည်းပြများအတွက် အမြင့်ဆုံးရရှိသည့် ဆုတံဆိပ်အတွက် ဆုကြေးနှုန်းထားအတိုင်း ချီးမြင့်ပါသည်။

 


back to top Eng