skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).

ရန်ကုန် ဒီဇင်ဘာ ၁၈

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်း အသင်းများကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရှုံးထွက်ပြိုင်ပွဲကို ယခင်က MNL ကလပ်အသင်းများ၊ MNL-2 (ပထမ တန်း) ကလပ်အသင်းများဖြင့်သာ ကျင်းပခဲ့သော်လည်း လာမည့်နှစ်မှ စတင်ကာ အပျော်တမ်းအသင်း ငါးသင်း ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။ သို့သော် အပျော်တမ်းအသင်း များ အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီက သတ်မှတ်ထားသည် စည်းမျဉ်းစည်းကမ်းများ အတိုင်း လုပ်ဆောင်နိုင်မှသာ ယှဉ်ပြိုင်ခွင့်ရ မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာအထိ ကျင်းပမည် ဖြစ်ပြီး အပျော်တမ်းအသင်းများမှာ ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြီးခဲ့သည့် ရာသီပုံစံ အတိုင်း ဆက်လက်ကျင်းပရန် စီစဉ် ထားသော်လည်း ပြိုင်ပွဲကျင်းပမည့် အသေးစိတ် အချက်အလက်များကို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ် မည်ဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှလွဲ၍ နှစ်စဉ်ကျင်းပ ခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ရန်ကုန်နှင့် ဧရာဝတီ အသင်းက သုံးကြိမ်စီဗိုလ်စွဲကာ အအောင်မြင်ဆုံး ဖြစ်နေပြီး ဟံသာ ဝတီ၊ မကွေး နှင့် ရှမ်းယူနိုက်တက် အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပို သွင်းဂိုးများအပါအဝင် လေးဂိုး-သုံးဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
 

ညီမြတ်သော်တာ


back to top Eng