skip to content
 
နေပြည်တော် ၊ ဇွန်လ(၂၁) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်(၉း၀၀)နာရီအချိန် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပပြုလုပ်ရာ မီတာ(၂၀၀)ကျား/မ အလွတ်ကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲ၊ ကျား/မ မီတာ (၅၀ x ၄)အလွတ်ကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
 
 
အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ဆုများကိုပေးအပ်ခဲ့ကြပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိကြသော လင်းမြတ်သူ(ရန်ကုန်)နှင့် သွန်းမိုးမေ(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကိုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
  
 

back to top Eng