skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home/cp391570/public_html/spedmyanmar.com/includes/menu.inc).
 
 
နေပြည်တော်၊ ဇွန်လ(၂၅)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် (၉း၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ်မှ ဥက္ကဌနှင့်တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲ၀င်အသင်း အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ  တက်ရောက်ကြပါသည်။
 
အစီအစဉ်အရ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်း နေရာယူပြီးနောက် အမြဲတမ်းအတွင်း၀န်မှ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူလူထုများ ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါ၀င်စားလာစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်ကြောင်း၊ ယခုပြိုင်ပွဲကို ပါ၀င်ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များအနေဖြင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်မည့် အသင်း အောင်နိုင်ရေးအတွက် မိမိတို့အရည်အသွေးကို အစွမ်းကုန် ထုတ်ပြ၍ အားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် အကောင်းဆုံးပါ၀င်ယှဉ်ပြိုင်စေလိုကြောင်း မှာကြားရင်း ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာ၀န်ရှိသူများသည် ပြိုင်ပွဲ၀င်အသင်း များအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသားအသင်းလိုက်ပြိုင်ပွဲများအဖြစ် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှု အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၄)သင်း၊ အားကစား စုစုပေါင်း (၃၇၄)ဦးတို့ သည် (၂၅.၆.၂၀၁၉)ရက်နေ့မှ (၅.၇.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစား ရုံ(ဗ)တွင် နေ့စဉ်နံနက် (၉း၀၀)နာရီ မှစ၍ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲများ၊ အမျိုးသား(၃) ယောက်တွဲအသင်းလိုက်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက် ကျော်ခြင်း အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ပါ ကြောင်း သိရှိရပါသည်။

back to top Eng