skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).

ရန်ကုန်၊ ဒီဇင်ဘာလ(၂၂)ရက်။                  

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ခုနှစ်၊ (၄)ကြိမ်မြောက် ကျောင်းပေါင်းစုံ ရွက်လှေပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့ ညနေ(၄)နာရီက ရန်ကုန်မြို့ အင်းယားကန်ရှိ Yangon Sailing Clup  ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးပြည့်စုံဟိန်းမှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ၂၀၁၉ခုနှစ် (၄)ကြိမ်မြောက် ကျောင်းပေါင်းစုံ ရွက်လှေပြိုင်ပွဲတွင်  အသက်(၁၂)အောက် Sup Open  မတ်တပ်ရပ်လှော်ပြိုင်ပွဲတွင် ရန်ကုန်(အား/ကာသိပ္ပံ)ကျောင်းမှ တတိယ ပွင့်သဇင်ခိုင်၊ ဒုတိယ နန္ဒာဦး နှင့် ပထမ ခွန်ထူးဦး၊ အမျိုးသမီး(၁၂)နှစ်အောက်  Sup Girls  Class  မတ်တပ်ရပ်လှော် ပြိုင်ပွဲတွင်  (အား/ကာသိပ္ပံ) ရန်ကုန်မှ တတိယ ယဉ်ယဉ်အေး၊ ဒုတိယ ပွင့်သဇင်ခိုင် နှင့်ပထမ နန္ဒာဦး၊ အသက်(၁၂)နှစ်မှ (၁၆)နှစ်အတွင်း Sup Open Class  မတ်တပ်ရပ်လှော်ပြိုင်ပွဲ၌  (အား/ကာသိပ္ပံ)ရန်ကုန် မှ တတိယ  ထက်မြက်အောင်၊ ဒုတိယ ထက်လင်းဇော်နှင့် ပထမ စည်သူဟိန်း၊ အသက်(၁၂)နှစ်နှင့် (၁၆)နှစ်အတွင်း Sup Girl Class  မတ်တပ်ရပ်လှော်ပြိုင်ပွဲ၌ (အား/ကာသိပ္ပံ) ရန်ကုန်မှ တတိယ နာဆာနိုး ၊ ဒုတိယ သက်လျာ နှင့်ပထမ ယွန်းမီမီကို၊  Laser  Radial  Open Class ပြိုင်ပွဲ၌  (အား/ကာသိပ္ပံ) ရန်ကုန်မှ တတိယ ရာလှဇော်၊ ဒုတိယ မင်းပြည့်သွေး (ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း)နှင့်ပထမ ထက်လင်းအောင် (အား/ကာသိပ္ပံ) ရန်ကုန်၊ Optimist Open class ပြိုင်ပွဲ၌  (အား/ကာသိပ္ပံ) ရန်ကုန်မှ  ပဉ္စမ ထက်မြက်အောင်၊  စတုတ္ထ ယွန်းမီမီကို၊ တတိယ သက်လျာ၊ ဒုတိယ ပိုးအိဇာ  နှင့်ချန်ပီယံ ပထမဆုကို စည်သူဟိန်း (အား/ကာသိပ္ပံ) မှ ဆုများအသီးသီးရရှိကြပြီးအတန်းအသီးသီး၌ ဆုရရှိကြသူများအား  မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ  ဦးဖုန်းကျော်မိုးမြင့်၊  အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ဒုတိယ ကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊  နည်းပြချုပ် ဦးစိုင်းပြည့်စုံဟိန်း၊ လက်ထောက် နည်းပြနှင့် အထွေထွေအတွင်းရေးမှူးတို့မှ  ဆုများအသီးသီးချီးမြှင့်ပေးသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ ၊ ရန်ကုန်ရွက်လှေအသင်း ဥက္ကဌ ဦးမျိုးတင့်မှ  Myanmar Inter –School Championship 2019 တံခွန်စိုက်ဖလားရရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အား  တံခွန်စိုက်ဆုဖလားချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

 


back to top Eng