Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်Video Conferencing စနစ်အသုံးပြု၍ အစည်းအဝေး ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တာဝန် ရှိသူများ တက်ရောက်
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော် စက်တင်ဘာလ(၈)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနအောက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံများမှ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူ ပြု နည်းပြများပေါ် ထွန်းလာစေရေး၊လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိ သည့်ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နေ့လယ် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်း မြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် Covid19 ရောဂါသည် နိုင်ငံအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်ဖြစ်၍ မိမိ၏ဌာန၊ မိမိပတ်ဝန်းကျင်၊ မိမိတို့ မိသားစုတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Covid 19 နှင့်ပတ်သက်သော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်စေလိုကြောင်း၊ Covid 19 တိုက်ဖျက်ရေး၊ ကုသရေးအတွက် နေရာအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိ အားကစားကွင်း/ရုံ နှင့် ကျောင်းများကို သေချာစနစ်တကျ ပြည့်ပြည့်စုံစုံ ကူညီဆောင်ရွက်နိုင်ရန် အသင့်အနေအထား ဖြစ်စေလိုကြောင်း၊ ယခုကျင်းပပြုလုပ်သည့် အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ (၅)နှစ်တာ စီမံချက်နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရာတွင် ပြည်ထောင်စု ဝန်ကြီးမှ ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်အလိုက် လုပ်ဆောင်မည့် လုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်ချက်ဖော်ပြပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ပြီးမြောက်မှု ဆန်းစစ်ချက်များ ပြုလုပ်ရန် လိုအပ်ကြောင်း လမ်းညွှန်မှု ပြုခဲ့ပါသည်၊ ထို့ကြောင့် အစည်းအဝေးကို တက်ရောက်လာကြသူများ အနေဖြင့် အပြုသဘောဆောင်သော အကြံဉာဏ် ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးမှ ၂၀၂၁-၂၀၂၂မှ ၂၀၂၅-၂၀၂၆ အထိ ရေးဆွဲထားသောအစီအမံများဖြစ်ကြသော သင်သန်းသားရွေးချယ်ရေး အစီအမံများ၊ လေ့ကျင့်ရေးအစီအမံများ၊ ပညာသင်ကြားရေးအစီအမံများ၊ အထွေထွေ အစီအမံ များ၊ အားကစားနည်းများ ထည့်သွင်းလျာထားစီမံချက်များ၊ နှစ်အပိုင်းအခြားအလိုက် အားက စားသမားရွေးချယ်မှု/လျော့ချမှုအစီအစဉ်များ၊ ရွေးချယ်မှုနယ်မြေများ၊ လေ့ကျင်သင်ကြားမှု အဆင့်များ၊ သက်မှတ်ချက်ဆိုင်ရာအစီအမံများ၊ ပညာသင်နှစ်အလိုက် အချိန်ဇယားများရေးဆွဲ ခြင်းဆိုင်ရာအစီအမံများ၊ နည်းပြလိုအပ်ချက်များ၊ သင်ထောက်ကူပြုပစ္စည်းများ၊အားကစား ကွင်း/ရုံများ၊ ပညာသင်ကြားရေးအစီအစဉ်များ၊ ပညာသင်ကြားရေးဖွဲ့စည်းပုံဆိုင်ရာများ၊ အထွေထွေတင်ပြချက်များဖြစ်သော၊စားရိပ်သာ၊နည်းပြအရည်အသွေးနှင့်ဖွဲ့စည်းပုံ၊နည်းပြတို့၏အခန်းကဏ္ဍ၊ အဆောက်အဦးများ တိုးချဲ့တည်ဆောက်မှု လျာခြားချက်များ အကြောင်းက နှစ်အလိုက် အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်မှ ၂၀၂၁-၂၀၂၂မှ ၂၀၂၅-၂၀၂၆ အထိ ရေးဆွဲထားသော အစီအမံများဖြစ်ကြသော ဘဏ္ဍာရေးရန်ပုံငွေသုံးဆွဲမှု နှင့် အဆောက်အဦး ဆောက်လုပ်ခြင်းဆိုင်ရာ တည်ဆောက်ရေး အစီအမံများ၊ ကျန်းမာကြံခိုင်ရေး အားကစားပညာပေးလုပ်ငန်းစီမံချက် အစီအမံများ၊ ထူးချွန်၍ အလားအလာ ကောင်းမွန်သော သင်တန်းသားများအား ပြုစုပျိုးထောင်ရေးအစီအမံများ၊ အားကစား အဖွဲ့ချုပ်များ အရှိန်အဟုန်မြင့် တိုးတက်စေရန် သိပ္ပံကျောင်းများမှတစ်ဆင့် လက်ရွေးစင် မွေးထုတ်လေ့ကျင့် ပေးနိုင်ရေးနှင့် နည်းပြများအား နိုင်ငံတကာအဆင့်မှီ ဖြစ်လာစေရေး စီမံချက် အစီအမံများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ ဘဝအာမခံချက် ရရှိရေးဆောင်ရွက်မည့် စီမံချက် အစီအမံများ၊ အားကစား သုတေသနဆိုင်ရာ ကိစ္စရပ်များ ကျယ်ပြန့်စွာဆောင်ရွက်မည့်စီမံချက် အစီအမံများ၊ ဘဏ္ဍာရေး ရန်ပုံငွေသုံးစွဲမှုများနှင့် အဆောက်အဦး ဆောက်လုပ်ခြင်းဆိုင်ရာ အစီအမံများ၊ အထွေထွေစီမံချက်များကို နှစ်အလိုက် အသေးစိတ် တင်ပြဆွေးနွေးခဲ့ပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်မှ ၂၀၂၁-၂၀၂၂မှ ၂၀၂၅-၂၀၂၆ အထိ ရေးဆွဲထားသော အစီအမံများဖြစ်ကြသော အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးနိုင်ရာ ကိစ္စရပ် အစီအမံများ၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ရေးဆိုင်ရာအစီအမံများ၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ အစီအမံများ၊ ဖွဲ့စည်းပုံ အင်အားစာရင်း၊ ပညာသင်နှစ်အလိုက် သင်တန်းသား/သင်တန်းသူ ရွေးချယ်မှု အစီအမံများ၊ ပညာသင်နှစ်အလိုက် သင်တန်းသား/သင်တန်းသူ သင်ကြားမှု အဆင့်သတ်မှတ်ချက်များ၊ပညာသင်နှစ်အလိုက် ကျန်းမာရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှု စီမံချက်အစီအမံများ၊ အားကစားကွင်း/ရုံများ ဆိုင်ရာ တည်ဆောက်ရေးစီမံချက်များနှင့် အထွေထွေတည်ဆောက်ရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များကို နှစ်အလိုက်အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများမှ အားကစား နှင့်ကာယပညာသိပ္ပံ ကျောင်းများနှင့်သက်ဆိုင်သော သင်တန်းသားရွေးချယ်မှု ဆိုင်ရာများ၊ ပြိုင်ပွဲများဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသနှင့်လျော်ညီသည့် လူရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်ရေး၊ အားကစား နှင့်ကာယပညာသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များဆိုင်ရာ အကြံပြုချက်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းသားဟောင်းများ၏ ဘဝအာမခံချက်
ဆိုင်ရာ ကိစ္စရပ် များအား အသီးသီးအကြံပြု တင်ပြခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ နိဂုံးချုပ်သုံးသပ်အမှာစကားပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအနေ နှင့် မိမိတို့ ရေမြေဒေသနှင့် ကိုက်ညီမှုရှိပြီး သိပ္ပံနည်းကျသော အားကစားသင်ကြားမှုဆိုင်ရာ သင်ရိုးညွှန်းတန်းများ၊ သင်ကြားမှုများ၊လေ့ကျင့်ခန်းများ၊ အခြေခံ အဆောက်အဦးများ ဦးစွာ အဓိကထားစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အားကစားလေ့ကျင့်ရေး အဆောက်အဦးများ ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်ကလပ်များနှင့် ချိတ်ဆက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း များသို့အချိန်ပိုင်းနည်းပြအဖြစ်လာရောက်ပူပေါင်းလာရောက်ဆောင်ရွက် စေလိုပါကြောင်း၊ အားကစား နှင့်ကာယပညာသိပ္ပံကျောင်းသားဟောင်းများအတွက် နှောင်ရေးဘဝအာမခံချက် အလုပ်အကိုင် များအတွက် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ ဖန်တီးပေး စေလိုကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
5 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display