Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍအလိုက် ရှေ့လာမည့် (၅)နှစ် အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကိုVideo Conferencing စနစ်အသုံးပြု၍ကျင်းပပြုလုပ်
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော်၊စက်တင်ဘာလ(၂၂)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနများမှ ဘဏ္ဍာရေး ရန်ပုံငွေ ဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုနည်းပြများပေါ်ထွန်းလာစေရေး၊ လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစား ကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့်ကဏ္ဍအလိုက် ရှေ့လာမည့် (၅)နှစ် အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်း လတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID ရောဂါတိုက်ဖျက်ရေးတွင် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုအခါ COVID ရောဂါပြန့်ပွားမှုနှုန်း မြင့်မားနေပါသဖြင့် ဝန်ထမ်းများအနေနှင့် ညွှန်ကြား ချက်များအလိုက် အထူးဂရုစိုက်နေကြရန် ရောဂါကုသတိုက်ဖျက်ရေးတွင် တက်နိုင်သလောက် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများ ဖြစ်သော ဖွဲ့စည်းပုံနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ယာကိစ္စရပ်များ၊ ရုံးအဆောက်အဦးကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ဖြန့်ဝေရရှိမှုဆိုင်ရာ ကိစ္စရပ်များ၊ MYANMAR FITNESS DANCE ကိုအခြေခံ၍ လူထု/ မိသားစုအားကစားပြိုင်ပွဲ၊ လမ်းလျှောက်ပြိုင်၊ စက်ဘီးပြိုင်၊ အခြေခံ/အဆင့်မြင့်အားကစားသင် တန်းနှင့် နည်းပြ/ဒိုင်သင်တန်းဖွင့်လှစ် လျာထားစီမံချက်များ၊ ဘဏ္ဍငွေလျာထား တောင်းခံသုံးစွဲမည့်အစီအမံများ၊ ရပ်ကွက်/ကျေးရွာများတွင် မြေနေရာရရှိမှုပေါ်မူတည်၍ အားကစားကွင်း ဖော်ထုတ်ဆောင်ရွက်မည့် အစီအမံများ၊ အားကစားကလပ်များ တိုးချဲ့ဖွဲ့စည်းမည့် အစီအမံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများအတွက် လူရွေးချယ်ရေး၊ ယှဉ်ပြိုင်လေ့ကျင့် ရေးဆိုင်ရာ အစီအမံများ၊ COVID-19 ကာလတွင် ONLINE အားကစားပြိုင်ပွဲကျင်းပမည့် အစီအမံများ၊ ဒေသတွင်းကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲဆိုင်ရာ အစီအမံများ၊ ဒေသတွင်း ထူးချွန်ထက်မြက်သည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးဆိုင်ရာ အစီအမံများ၊ ဝန်ထမ်းအရည်အချင်း မြှင့်တင်၍ စည်းကမ်းကောင်းမွန်မည့် အစီအမံများ၊ စီမံကိန်းများ အောင် မြင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံ များ ဖြစ်သော ဝန်းထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ မြေသို့အားကစားကွင်းဖော်ထုတ်နိုင်ရေးကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ထားရှိမှု ဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လေ့ကျင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့် ပညာရေးပေါင်းစပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ MYANMAR FITNESS DANCE အစီအစဉ်အရ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အားကစား ကလပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစား လေ့ကျင့်ရေးစခန်းများ တည်ဆောက်ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းကာလ အတွင်း ကဏ္ဍအလိုက်ဆောင်ရွက်မည့် လျာထားချက် အစီအမံများ၊ အားကစားနည်းအလိုက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု လျာထားအစီအမံများ၊ နည်းပြ/ဒိုင်သင်တန်း၊ မွမ်းမံ သင်တန်း၊ အဆင့်မြင့်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မည့်အစီအမံများ၊ အားကစားကွင်း/ရုံ၊ ရုံး၊ ဝန်ထမ်းအိမ်ရာတည်ဆောက် လျာထားအစီအမံများ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပ မည့် လျာထားအစီအမံများ၊ ဘဏ္ဍရေးဆိုင်ရာလျာထားမှု အစီအမံများအား သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ် တင်ပြခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းအောင်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက် မည့် အစီအမံများ ဖြစ်သော ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် လေ့ကျင့်ရေးနှင့် လူရွေးချယ်မှုဆိုင်ရာ ကိစ္စရပ်များ၊ အားကစားနှင့် ပညာရေး ပေါင်းစပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ MYANMAR FITNESS DANCE အစီအစဉ်အရ လူထုအားကစား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ OUTDOOR FITNESS ဖြန့်ဝေတပ်ဆင်ထားရှိမှုဆိုင်ရာ ကိစ္စရပ်များ၊ အားကစားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မည့်အစီအမံများ၊ အားကစားကွင်း/ရုံ၊ ရုံး၊ ဝန်ထမ်း အိမ်ရာများ အဆင့်မြှင့် တင်တည်ဆောက်ရေး ပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြေးခုန်ပစ် ပြေးလမ်းဆောက်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကလပ်များ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အားကစားသင်တန်းများ ဖွင့်လှစ်ဆောင် ရွက်မည့်ကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသို့ အရည်အချင်းပြည့်မှီသော သင်တန်းသားများ စေလွှတ်နိုင်ရေး ကိစ္စရပ်များ၊ ဝန်ထမ်းများ စွမ်းဆောင်ရေးပြည့်ဝပြီး စည်းကမ်းကောင်းမွန် အရည်အချင်းတိုးတက်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ စီမံကိန်း ကာလ အတွင်း ကဏ္ဍအလိုက် ဆောင်ရွက်မည့် လျာထားအစီအမံများအား သက်ဆိုင်ရာနှစ် အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကာသိပ္ပံကျောင်းအုပ်ကြီးများမှ မိမိတို့ဆောင်ရွက်မည့်ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ပြီးစီးသည့်ကိစ္စများကို သက်ဆိုင်ရာ စာရင်း၊ ဇယား၊ အချက် အလက်များကို စနစ်တကျပြုစုထားရှိရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ဆောင်နေသော လုပ်ငန်းအပေါ် အမှန်တကယ် စိတ်ပါဝင်စား စိတ်အားထက်သန်မှုရှိစေရန် မဟာဗျူဟာ (Interesting Motivation Strategy) တစ်ခုချမှတ်ရန် လိုအပ်ပါကြောင်း ယနေ့ အချိန်တွင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို အဓိကထား ဆောင်ရွက်နေကြသည် ဖြစ်၍ မိမိတို့ဌာနမှ ဝန်ထမ်းများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို မျက်ခြေမပြတ်စေရန် ကြိုးစားလုပ်ကိုင်စေလိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ဖွင့်လှစ်ဖော်ဆောင်မည့် အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားရွာများကို အဆိုပါဒေသအတွက် အားကစားဖွံ့ဖြိုးမှု အမှန်တကယ်ဖြစ်ထွန်းမည့် မြို့ရွာများတွင် ပြုလုပ်စေလို ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ အားကစားနည်းအလိုက် Online သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ဦးကို တစ်ဦး ယုံကြည်မှုရှိရှိဖြင့် ယုံကြည်မှုတည်ဆောက်ပြီး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ဌာနတွင်းရှိ ဝန်ထမ်းများကို ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရာထူးတိုးမြှင့် ခန့်ထားရေးဆိုင်ရာ အဖွဲ့များမှ အဆင့်ဆင့် စနစ်တကျဆောင်ရွက် ပေးနေသည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းများ၏ မိမိတို့လုပ်ငန်းအပေါ် (၁)တာဝန်ဝတ္တရားကျေပွန်မှု၊ (၂)လုပ်ငန်းကျွမ်းကျင်မှု၊ (၃)ယုံကြည်စိတ်ချရမှု၊ (၄)လေ့လာဆည်းပူးနိုင်မှု၊ (၅)ကြိုးစားလုပ်ကိုင်အားထုတ်နိုင်မှု၊ (၆)တီထွင်ကြံဆမှု၊ (၇)လုပ်ငန်း ဆိုင်ရာ စည်းကမ်းနှင့် ကျင့်ဝတ်လိုက်နာမှု၊ (၈)အများအကျိုးအတွက် စေတနာထား တာဝန်ထမ်းဆောင်နိုင်မှု၊ (၉)ဆက်ဆံရေးပြေပြစ်မှုနှင့် (၁၀)ခေါင်းဆောင်နိုင်မှုများပေါ် မှုတည်နိုင်၍ စနစ်တကျ အဆင့်ဆင့် အကဲဖြတ် မှန်ကန်စွာ လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှ ဝန်ထမ်းများအနေဖြင့် ကိုယ်ကျင့်သိက္ခာပြည့်စုံပြီး မိမိတို့၏ လုပ်ငန်းအပေါ်ကျွမ်းကျင်မှုရှိပြီး ကိုယ်ရေးကိုယ်သွေးမြင့်မားအောင်၊ ကြိုးစား လုပ်ကိုင်ကြရန် တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
5 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display