Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကိုVideo Conferencing စနစ်အသုံး ပြု၍ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒ
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော်၊ စက်တင်ဘာလ(၉)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနအောက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံများမှ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူ ပြုနည်းပြများပေါ် ထွန်းလာစေရေး၊လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိ သည့်ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံး ပြု၍ ယနေ့နေ့လယ် (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အားကစား တိုးတက်ရေး (၅) နှစ် စီမံချက် အစည်းအဝေး သည် အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အစည်းအဝေးဖြစ်ပါသဖြင့် ဦးစားပေးအဓိကထား လုပ်ကိုင်မည့် အစီအမံဆောင်ရွက်ချက်များကို တိတိကျကျ သေချာစွာတင်ပြ ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထိုမှသာလုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းအုပ်ကြီး ဦးနေမျိုးလွင်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့်အစီအမံများဖြစ်သော ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကွင်း/ အားကစားရုံဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသား ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အားကစားနည်းအလိုက် လေ့ကျင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများ၏ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာ နှစ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအုပ်ကြီး ဦးတင်ဝင်းမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော ဝန်ထမ်းခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားရွေးချယ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/အားကစားရုံဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စ ရပ်များ၊ သင်တန်းသားအကဲဖြတ်မှတ်တမ်းထားရှိမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်သင်ကြားရေး အဆင့်သတ်မှတ်ချက်ဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပါသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော နည်းပြဆရာများအား အရည်အသွေးနှင့် အဆင့်မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားသမားများ ရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် ပြိုင်ပွဲဝင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပညာရေး တိုးတက်ကောင်းမွန်သော အားကစားသမားများအဖြစ် လေ့ကျင့်ပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ အားကစားဆေးပညာနှင့် အားကစားပညာရှင်များ ရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စီမံအုပ်ချုပ်၊ ထောက်ပံ့မှုဝန်ထမ်းများ ပိုမိုလေ့လာသင်ယူနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာမှ မိတ်ဖက်ကျောင်းများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားများ၏ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပါသည်။
အစည်းအဝေးကိုတက်ရောက်လာသော မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်မှ အကြံပြုဆွေးနွေးတင်ပြရာတွင် ပြောင်းလဲလာသည့် ပညာရေးစနစ်နှင့်အညီ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ B.sc(sports) များသို့ ပြင်ပမှကျောင်းသားများ တက်ရောက်ခွင့်ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ပါသည်။
အားကစားကွင်းနှင့် အားကစားရုံများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးမှ အကြံပြုဆွေးနွေးတင်ပြရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းသားများ၏ အရည် အချင်းသတ်မှတ်ချက်ကို ပြန်လည်ဆန်းစစ်သင့်ပါကြောင်း၊ ထို့မှသာ ထူးချွန်အရည်ချင်းပြည့်မီသော သင်တန်းသားများကို ရရှိနိုင်မည်ဖြစ်ပြီး မြန်မာ့အားကစား တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် စစ်မှန်သော သွေးသစ်လူငယ်များ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးတင်ပြခဲ့ပါသည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံများ၏ အဓိကဖြစ်သော လူရွေးချယ်ရေး၊ အားကစားနှင့် ပညာသင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပါသဖြင့် လာမည့်ပညာသင်နှစ်မှ စတင်၍ လူရွေးချယ်ရာတွင် အမှန်တကယ် ပညာရေးနှင့် အားကစားထူးချွန်သော သင်တန်း သား ရွေးချယ်ရန်လိုအပ်ပါကြောင်း၊ အားကစားလေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များတွင် သင်တန်းသားများ၏ အမှန်တကယ် စိတ်ပါဝင်စား ကြိုးစားလုပ်ကိုင်မှု ရှိမရှိကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများမှ စနစ်တကျအသေးစိတ် အနီးကပ်စောင့်ကြည့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်၍ ပညာသင်ကြားရေး ဆရာ/ဆရာမများ ရရှိနိုင်ရေးကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
3 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display