skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).

နေပြည်တော်၊ ဒီဇင်ဘာလ(၂၉)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးမျိုးလှိုင် (၂၈.၁၂.၂၀၁၉)ရက်​နေ့တွင် တနသ်ာရီတိုင်း​ဒေသကြီး၊ မြိတ်မြို့သို့​ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ညွှန်ကြား​ရေးမှူး ဦးစိုးမိုးနိုင် လိုက်ပါလျက် မြိတ်ခရိုင်၊ မြိတ်မြို့ရှိ အားကစားကွင်း/အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပြီး၊ မြိတ်မြို့တွင် ကျင်းပပြုလုပ်​နေ​သော တိုင်း/ပြည်နယ်(Myeik International Open) ဖိတ်​ခေါ်စစ်တုရင်ပြိုင်ပွဲသို့ သွား​ရောက်အား​ပေးခဲ့ပါသည်။

 

ထို့​နောက် မြိတ်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဝန်ထမ်းများနှင့်​တွေ့ဆုံ၍ ဌာနလုပ်ငန်းများ၊ အားကစားဆိုင်ရာ​ဟော​ပြောပွဲများ၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာ​စေ​ရေးနှင့် ​ရှေ့ဆက်လက်​ဆောင်ရွက်မည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရှိရပါသည်။

 

ယင်းနောက် နေ့လည်(၂)နာရီအချိန်တွင် ကော့သောင်းခရိုင်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ၀န်ထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား​ပြောကြားပြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ အားကစားကွင်း/ရုံများနှင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ၀န်ထမ်းအိမ်ယာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့​ကြောင်း သိရှိရပါသည်။


back to top Eng