skip to content
၂၀၂၀ ပြည့်နှစ်၊ မေလ
 
မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိအားကစားကွင်း/အားကစားရုံအဆောက်အဦးများအား အသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့မှတ်တမ်းများမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ရန်ကုန်)ရှိ အဆောက်အဦးများတွင် Covid 19 ကုသရေးဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီးမှ ဆရာဝန်(၄၉)ယောက်၊သူနာပြု(၁၉)ယောက်၊ မြောက်ဥက္ကလာဆေးရုံမှ သူနာပြုနှင့်ဆေးဘက်ကျွမ်းကျင်(၁၉)ယောက်၊ ဝေဌုကျော်ဖောင်ဒေးရှင်းမှ volunteer (၁၉)ယောက် စုစုပေါင်း (၁၀၆)ဦး နေထိုင်စားသောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
 
ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းရှိ အဆောက်အဦးများတွင် (Quarantine)လူဦးရေ(၁၀၀)နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး (၂.၄.၂၀၂၀)မှ(၃၀.၄.၂၀၂၀)ထိ(Quarantine)ဝင်ရောက်သူ(၁၅)ဦး၊
(၁.၅.၂၀၂၀)မှယနေ့အထိ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်လျက်ရှိသော ရန်ကုန်လူမှု့ ကယ်ဆယ်ရေးအသင်းမှ (၇၅)ဦးနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
 

 


back to top Eng