Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကျင်းပ
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော် စက်တင်ဘာလ(၃)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ဘဏ္ဍာရေးရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ မိမိဌာနခွဲနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲမှ တစ်နိုင်ငံလုံးရှိ ပညာရေးကျောင်းများသို့ အားကစားနှင့်ပညာရေးပေါင်းစပ်မှုကိုမည်သို့ တိုးတက်ကောင်းမွန်အောင်ပြုလုပ်ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း၊ အားကစားဆေးဘက်ဌာနခွဲမှ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင်ရေးဌာနခွဲ၊ စီမံကိန်းနှင့် သုတေသနဌာနခွဲများနှင့်ပေါင်းစပ်၍ ပြည်နယ်/တိုင်းများနှင့် သိပ္ပံကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အများပြည်သူများကြားတွင် မေ့ပျောက်နေပြီဖြစ်သော အားကစား၏တန်ဖိုးကို ပြန်လည်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုဆောင်ရွက်မှုသည် အားကစားနယ်ပယ်တွင် လုပ်ကိုင်နေသူအားလုံး၏တာဝန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားလူငယ်ပေါင်း (၉)သန်းခန့်ရှိပြီး ထိုအင်အားစုသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏အနာဂတ်အင်အားစုဖြစ်သည့်အတွက် ထိုကလေးငယ်များကို ကာယဉာဏဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျသော လေ့ကျင့်ခန်းများ၊ သင်ကြားရေးများ၊ သုတေသနပြုမှုများအသုံးပြုပြီး အားကစားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှ ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများဖြစ်သော အားကစားအသိပညာပေးဟောပြော သရုပ်ပြပွဲများကျင်းပခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကျောင်းတွင်း/ကျောင်း ပေါင်းစုံအားကစားပြိုင်ပွဲများကျင်းပခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့မှုနှင့် ဒိုင်/နည်းပြများပံ့ပိုးကူညီခြင်း၊ ကျောင်းများအရေအတွက်နှင့် PE ဆရာအရေအတွက်များ ပြုစုခြင်းဆိုင်ရာ များ၊ B.Sc(Sports) ပုံမှန်လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ စီမံခန့်ခွဲထားရှိခြင်း စသည်တို့ကို နှစ်အပိုင်းအခြားအလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။
အားကစားနှင့်ဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာစိုးမင်းဦး၊ ဒေါက်တာထက်ဝေတို့မှ ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများဖြစ်သော ဖွဲ့စည်းပုံများ၊ အားကစားဆေးဘက်ဌာနခွဲ၏ ဆောက်ရွက်မည့်လုပ်ငန်းများ၊ အားကစားဆေးဘက်ဌာနခွဲ၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ အားကစားဆေးဘက်ဌာနခွဲ၏ တားမြစ်ဆေးဝါးလုပ်ငန်းများ၊ အားကစားနှင့် ကာယသိပ္ပံ ကျောင်းများ၏ ဆောင်ရွက်မည့်ဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ အားကစားဆေးဘက်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရေးနှင့် ပညာရှင်များမွေးထုတ်နိုင်ရေး အစီအစဉ်များ၊ အမျိုးသားကိုယ် ကာယကြံ့ခိုင်ရေးစီမံကိန်း(National Physical Fitness Plan) မူကြမ်း၊ ဘဏ္ဍာငွေအသုံးစရိတ်များ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ်စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်းများ ကို နှစ်အပိုင်းအခြားအလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြေားကြားရာတွင် မိမိတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အများပြည်သူများအတွက် ကျန်းမာကြံ့ခိုင်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့်ဌာနတစ်ခုဖြစ်သည့်အလျောက် အများကောင်းကျိုး၊ အများနှင့် ကိုက်ညီမှုရှိသော နည်းလမ်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသင်းအဖွဲ့လိုက်ဆွေးနွေးမှုများ (Group Discussion) များ ပြုလုပ်ပြီး ကောင်းမွန်တည်ငြိမ်သော ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာစေရန် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုမှသာ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းကို ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
3 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display