Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း အစည်းအဝေးကျင်းပ
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော်၊ စက်တင်ဘာလ(၂၃)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန အောက်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ဘဏ္ဍာရေးရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုနည်းပြများပေါ်ထွန်းလာစေရေး၊ လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့်ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းမှ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက် မည့်အစီအမံများဖြစ်သော ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ဖြန့်ဝေမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အား ကစားပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်း၊ လေ့ကျင့်ခြင်းနှင့် လူရွေးချယ်ခြင်းဆိုင်ရာကိစ္စရပ် များ၊ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ၊ တက္ကသိုလ်၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အားကစားဟောပြောပွဲ၊ သရုပ်ပြပွဲပြုလုပ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ MYANMAR FITNESS DANCE ကိုအခြေခံကျကျ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအမံများ၊ အားကစားအခြေခံ/ အဆင်မြင့်နည်းပြ/ ဒိုင်သင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စ ရပ်များ၊ အားကစားကွင်း/ရုံ၊ အားကစားခန်းမ၊ ဝန်ထမ်းအိမ်ရာ၊ ရုံးတည်ဆောက်ပြုပြင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားလေ့ကျင့်ရေးစခန်း တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာများတွင် မြေနေရာရရှိထားမှုပေါ်မူတည်၍ အားကစားကွင်းဖော်ထုတ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားကလပ်များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစား နှင့်ကာယပညာသိပ္ပံကျောင်းများအတွက် အရည်အချင်းပြည့်မီသောသင်တန်းသားများ ရရှိရေး ဆိုင်ရာအစီအမံများ၊ ဝန်ထမ်းများ အရည်အချင်းမြှင့်တင်၍ စည်းကမ်းကောင်းမွန်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဘတ်ဂျက်တိုးမြှင့်ရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ အား သက်ဆိုင်ရာနှစ်အလိုက် အသေး စိတ်တင်ပြခဲ့ပါသည်။
မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိရှေ့လာမည်(၅)နှစ်အတွင်းစီစဉ်ဆောင်ရွက်မည့် အစီအမံများ ဖြစ်သောဝန်းထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံ၊ ဝန်ထမ်းအိမ်ရာ၊ ရုံးတည်ဆောက်ပြုပြင်ရေးအဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့် ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားနည်းအလိုက် အခြေခံ/အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နည်းပြ/ဒိုင်သင်တန်းများဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဌာနနှင့်ပေါင်းစပ်၍ အားကစားပြိုင်ပွဲများကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားကလပ်များတိုးတက်ဖွဲ့စည်းတည်ထောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ OUTDOOR FITNESS ဖြန့်ဝေတပ်ဆင်ထားရှိမှုဆိုင်ရာကိစ္စရပ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားကစားသင် တန်းများ၊ ပြိုင်ပွဲများ၊ ပြပွဲများဆိုင်ရာကိစ္စရပ်များ၊ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ၊ တက္ကသိုလ်၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အားကစားသင်တန်း၊ ပြပွဲ၊ ပြိုင်ပွဲများဖွင့်လှစ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ MYANMAR FITNESS DANCEအခြေခံ၍ လူထုအားကစားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည့်အစီအမံများ၊ အားကစားဒေသဖွံ့ဖြိုးရေး ဥယျာဉ်၊ အားကစားလေ့ကျင့်ရေးစခန်းတည်ဆောက်ရေးဆိုင်ရာအစီအမံများ၊ ရပ်ကွက်၊ ကျေးရွာများတွင် မြေနေရာရရှိနိုင်ပေါ်မူတည်၍ အားကစားကွင်းများဖော်ထုတ်နိုင်ရေး ဆိုင်ရာကိစ္စ ရပ်များ၊ ဒေသတွင်းအားကစားပြိုင်ပွဲများကျင်းပခြင်း၊ ပညာရေးဌာနနှင့် ပေါင်းစပ်၍ အားကစား ပြိုင်ပွဲများကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့်ကာယသိပ္ပံကျောင်းများနှင့် အဖွဲ့ချုပ်များသို့ အရည်အချင်းပြည့်မှီသောကစားသမားများရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းများအရည်အချင်းမြှင့်မား၍ စည်းကမ်းကောင်းမွန်စေရန်ဆောင်ရွက်မည့်အစီအမံများ၊ ဘတ်ဂျက်တိုး မြှင့်ရရှိရေးဆိုင်ရာကိစ္စရပ်များအားသက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စောမြမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိရှေ့လာမည့်(၅)နှစ်အတွင်းစီစဉ်ဆောင်ရွက်မည့်အစီအမံများ ဖြစ်သော ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လေ့ကျင့်ရေးနှင့် လူရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ရေးဆိုင်ရာကိစ္စရပ်များ၊ MYANMAR FITNESS DANCE အခြေခံ၍ လူထု အားကစားဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံများသို့ပို့ချရန် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဌာနများနှင့်ပူးပေါင်း၍ အားကစားသင်တန်းများ၊ ပြိုင်ပွဲများကျင်းပမည့်ကိစ္စရပ်များ၊ အားကစားကလပ်များ တိုးတက်ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်း/ဌာနများနှင့် ပေါင်းစပ်၍ အားကစားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်အစီအမံများ၊ ဝန်ထမ်းများ အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရေး၊ တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံ၊ ဝန်ထမ်းအိမ်ရာ၊ ရုံးတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘတ်ဂျက်တိုးမြှင့်ရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အားကစားကွင်း/ရုံများသည် လူထုနှင့်နီးကပ်စွာ တည်ရှိနေမှ အမှန်တကယ်အသုံးချပြီး အားကစားတိုးတက်ရေးအတွက် ထိရောက်စွာ အထောက်အကူပြုနိုင် မည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကျောင်းသားလူငယ်များအတွက် စိတ်ဓာတ်ရေးရာ ကာယများ၌ စွမ်းရည်ဖွံ့ဖြိုးရေးအတွက် ONLINE အားကစားဆိုင်ရာပြိုင်ပွဲများ ပိုမိုပြုလုပ်ပေး သင့်ပါကြောင်း၊ EIM ကိုအခြေခံ၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အစီအစဉ်များကို အကောင်အထည်ပေါ်ဆောင်ရွက်သင့်ပါကြောင်း၊ အားကစားပြုလုပ်ခြင်းနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စိတ်အင်အားတိုးတက်မှုတို့ကို ရရှိနိုင်မည်ဖြစ်ပါ၍ ယခုကာလတွင် အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံးသို့ တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးကို ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
3 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display