Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ရှေ့လာမည့်(၅)နှစ်အတွင်းဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကျင်းပ
Error message
Deprecated function
: The each() function is deprecated. This message will be suppressed on further calls in
menu_set_active_trail()
(line
2405
of
/home2/cp391570/public_html/spedmyanmar.com/includes/menu.inc
).
နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ဘဏ္ဍာရေးရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုနည်းပြများပေါ်ထွန်းလာစေရေး၊ လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့်ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်းဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နေ့လယ်(၂)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ COVID-19 ကာလတွင်သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နိုင်ငံတကာမှရင်းနှီးမြုပ်နှံမှုများနှင့်အတူ အားကစားကဏ္ဍပါလာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံများ/အလုပ်ရုံများပါပေါ်ထွက်လာမည်ဖြစ်ပါသဖြင့် ထိုလုပ်ငန်းစုများတွင် ဝင်ရောက်လုပ်ကိုင်မည့် ရင်းနှီးမြုပ်နှံသူများ၊ လုပ်သမားများ၊ ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာကြံ့ခိုင်ရေး၊ အားကစားဆိုင်ရာ အစီအမံများပါထည့်သွင်း စဉ်းစားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့သက်ဆိုင်ရာ အားကစားနှင့်ပတ်သက်သော ကျွမ်းကျင်မှုကို ပိုမိုမြင့်တင်ရန်လိုအပ်ကြောင်း၊ ရောဂါကူးစက်မှု ယခုထက် ပိုမိုမြင့်တက်လာပါက Covid-19 ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာဒေသများရှိ အားကစားကွင်း/ရုံများ အသုံးပြုမည်ကို ကြိုတင်အသိပေးပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်လာစေရန် အစီအမံများ၊ လူငယ်/လူရွယ်များအကြား အားကစားကို လေ့လာလိုက်စားခြင်းဖြင့် လူငယ်ထုအတွင်း မူးယစ် ဆေးပပျောက်ကင်းဝေးလာစေရန်အစီအမံများ၊ ပြည်နယ်အတွင်း အားကစားကွင်း/ရုံ/ကန်၊ အား ကစားလေ့ကျင့်ရေးစခန်းများ တိုးတက်လာစေရန်အစီအမံများ၊ ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပရန်အစီအမံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင် ပွဲများတွင် ကရင်ပြည်နယ်အသင်း အောင်မြင်မှု ရရှိစေရန်အစီအမံများ၊ ပြည်နယ်လက်ရွေးစင်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် အစီ အမံများ၊ ဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ အားကစားနှင့်ကာယပညာ ဆပ်ကော်မတီနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံ အဆောက်အဦးဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လူထုအားကစားဖွံ့ဖြိုးရေးအတွက် အားကစားဆိုင်ရာဟောပြောပွဲ၊ သရုပ်ပြပွဲဆိုင်ရာကိစ္စရပ်များ၊ MYANMAR FITNESS DANCE ကိုအခြေခံ၍ လူထုအားကစားဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အခြေခံအဆင့်မြှင့် အားကစားသင်တန်း၊ နည်းပြ၊ ဒိုင်သင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားကလပ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြေးခုန်ပစ်လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင် ရေးကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော ဝန်းထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ မြေသို့အားကစားကွင်းဖော်ထုတ်နိုင်ရေးကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ထားရှိမှု ဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လေ့ကျင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဌာနများနှင့်ပေါင်းစပ်၍ အားကစားဟောပြောပွဲ၊ သရုပ်ပြပွဲဆိုင်ရာကိစ္စရပ်များ၊ EIM အစီအစဉ်အရ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အား ကစားကလပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထိရောက်စွာဆောင်ရွက်နိုင်ရေးဆိုင် ရာကိစ္စရပ်များ၊ ပညာရေးဌာနများနှင့် ပေါင်းစပ်၍အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ထူးချွန်သော ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အားက စားလေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်၍စခန်းသွင်းလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးဆိုင်ရာသင်တန်းကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး)ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင် ရွက်မည့်အစီအမံများဖြစ်သော ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်ပေါင်းစုံပြိုင်ပွဲများ အားကစားနည်းအလိုက် ကျင်းပနိုင်ရေးနှင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များ၊ နွေရာသီအားကစားအလိုက် အခြေခံ/အဆင့်မြင့်သင်တန်းများနှင့် နည်းပြ/ဒိုင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ ရပ်ကွက်ကျေးရွာများနှင့် အခြေခံပညာကျောင်းများ၌ အားကစားဟောပြောပွဲ၊ သရုပ်ပြပွဲများပြုလုပ်နိုင်ရေးနှင့် အားကစားပစ္စည်းများ ထောက်ပံ့နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူထုအားကစားလှုပ်ရှားမှုများနှင့် EXERCISE IS MEDICINE လှုပ်ရှားမှုများကို အခြေခံ၍လူထုအားကစား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံများရေရှည်အသုံးပြုနိုင်ရန် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ အစရှိ သည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်မှ ပြေးခုန်ပစ်အားကစားနည်းကို ဖွံ့ဖြိုးတိုးတက် အောင်ပြုလုပ်မည့်အစီအမံအား ကြိုဆိုပါကြောင်း ကရင်ပြည်နယ်ဒေသရှိ ရိုးရာလက်ဝှေ့ထူးချွန်သူများအား အပြည်ပြည်ဆိုင်ရာလက်ဝှေ့အားကစားနည်းသို့ ကူးပြောင်းလေ့ကျင့်ခြင်းဖြင့် နိုင်ငံအတွက်ထူးချွန်သည့်ကစားသမားများဖြစ်လာနိုင်မည့် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် အားကစားသိပ္ပံကျောင်း ၂၀၂၀-၂၀၂၂ ဖွင့်လှစ်နိုင်ရေး ဖွဲ့စည်းပုံ အချိန်မီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံ ပေါ်ပေါက်လာပြီဖြစ်၍ ချင်းပြည်နယ်ရှိ လူငယ်များ အားကစားကွင်းထဲသို့ ရောက်ရှိနိုင်အောင် စည်းရုံးရန်လိုအပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် စက်ဘီးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားသင့်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် အားကစားဖြင့် အဓိကထား စည်းရုံးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများ၊ ဒေသအစိုးရများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အားကစားကော်မတီဖွဲ့စည်းရာတွင် မြန်မာနိုင်ငံအားကစားနှင့်ကာယပညာ ကော်မတီလက်အောက်တွင် ဆပ်ကော်မတီ အသီးသီးရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အားကစားအရာရှိများအား ငွေစာရင်းဆိုင်ရာ လုပ်ငန်းများအား ယခုထက် ပိုမိုတိုးတက်အောင် လေ့ကျင့်ပျိုးထောင် ပေးစေလိုပါကြောင်း၊ အားကစားကွင်း/ရုံများ မြေဂရမ် ပိုင်ဆိုင်မှုများရအောင် အမြန်ဆုံးကြိုးစားကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့ နယ်များရှိတာဝန်ခံ အားကစားအရာရှိများအနေနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းကို လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြစွာထားရှိစေလိုကြောင်း(Desire)၊ မိမိတို့၏ လုပ်ငန်းပေါ်ထားရှိပြီး စိတ်ကူးအိမ်မက်များကို ကြီးကြီးမားမား ရည်ရွယ်ချက်ထားရှိရန် လိုအပ်ကြောင်း(Dream)၊ အရာရာကို အမြင်ကျယ်ကျယ်ဖြင့် လေ့လာဖတ်ရှုမှတ်သားသုံးသပ်ပြီး(Vision) မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့်(Self-confident) တာဝန်ကိုရဲရဲတင်းတင်း ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပါက လုပ်ငန်းတာဝန်များ တဖြည်းဖြည်းအောင်မြင်တိုးတက်လာမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။
4 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display