skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).
နေပြည်တော်၊ ဒီဇင်ဘာ (၁၄) ရက်။
 
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင်  ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ၀န်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၂၀) နာရီအချိန် နေပြည်တော်၊ မြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။စုပေါင်းလမ်းလျှောက်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၇၈၃၆)ဦး တစ်ပျော်တစ်ပါးစည်ကားသိုက်မြိုက်စွာ ပါ၀င်ဆင်နွှဲကြပါသည်။
 
 
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော်၊ မြို့မဈေးရှေ့၌ နံနက် (၅:၂၀) အချိန်တွင် စတင်တာထွက်ပြီး ပျဉ်းမနားတောင်ညိုလမ်းအတိုင်း သပြေကုန်းအ၀ိုင်းမှတဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်း၀င်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါသည်။
 
 
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်း ခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)(၂)နှင့် Free  Hand  Exercise  လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng