skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).
 
 
ရန်ကုန်၊ ဒီဇင်ဘာလ(၁၃)ရက်။
 
အားကစားသိပ္ပံပညာနှင့်  အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊  အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာန မှ ñွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကြ ၊ ဒုတိယဥက္ကြ ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားကိုကြိုးစားလုပ်ဆောင်ပေးခဲ့ကြသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ အားလုံး ၏ ကြိုးစားမှုကို  ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ နောင်လာမည့် (၂)နှစ်မှာ ကျင်းပမည့် SEA Games ၌ မြန်မာအားကစားအဖွဲ့များအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ် မှာ ရပ်တည်နိုင်ရန်အတွက် အတူတကွ ယခုအချိန်မှစပြီး Sports Science နှင့်Sports Medicine လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ 
 
Sports Science    ပညာရပ်သည် အားကစားလေ့ကျင့်ရေးတွင် မပါရင်မဖြစ် ဖြစ်ပြီး အရေးကြီး ပါကြောင်း၊ အခြားအာဆီယံ နိုင်ငံများနှင့် မယှဉ်နိုင်သေးသည့်အတွက် တွန်းတွန်းတိုက်တိုက်နှင့် ဆောင်ရွက်သွားရမှာဖြစ်သည့်အတွက် Sports Science နှင့်ပတ်သက်သည့် Seminar   နှီးနှော ဖလှယ်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာအားကစား သိပ္ပံပညာနှင့် အားကစားဆေးဘက်ဆိုင်ရာ Seminar  ကို ဇန်နဝါရီ(၁)ရက်နေ့တွင်  သိမ်ဖြူရှိ မြန်မာနိုင်ငံဆရာဝန်ကြီးများအသင်းမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နံနက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး Exercise is Medicine ကို ပါ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူလူထုကြီးပါ စိတ်ပါဝင်စားလာအောင်  လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊  ဇန်နဝါရီလ (၂၂)ရက်နေ့ တွင် Novotel  Hotel ၌ ကျင်းပပြုလုပ်မည့် Seminar တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ပုဂ္ဂိုလ်များအားလုံး ပါဝင်ရမှာ ဖြစ်၍ ယခုကျင်းပမည့် Seminarကြီးမှ  များစွာသောအကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါကြောင်း၊ Seminar ပွဲကြီး၌ လူဦးရေ (၃ဝဝ)ကျော်တက်ရောက်နိုင်မှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း (EIM) Exercise is Medicine ကိုလုပ်ဆောင် နေပြီဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေဖြင့် ဆရာဝန်များအားလုံးလည်း ပါဝင်လာရမှာဖြစ်ပြီး ဆေးကုသမှုအပိုင်း၌ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးရလဒ်များကို သိရှိလာပြီဖြစ်ပါကြောင်း၊ ဒီနှစ်မှာဆိုရင် ကျောင်းသားအားကစားပွဲတော် ကို အားကစားနည်း (၄)မျိုးဖြင့်  စတင်ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊  ကျောင်းတိုင်းကျောင်းတိုင်းတွင် ကျောင်းဆင်းချိန်၌ ကိုယ်လက်လေ့ကျင့်ခန်းများကို (၁၅)မိနစ်ခန့် လုပ်ဆောင်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးသည်လည်း ရုံးဆင်းချိန် မတိုင်မီ လေ့ကျင့်ခန်းများ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြင်ပ ကုမ္ပဏီများ ၊ စက်ရုံ၊ အလုပ်ရုံ များ လည်း ပါဝင်လာနိုင်အောင် စည်းရုံးဆောင်ရွက်စေလိုပါကြောင်း၊
 
GYM တွေကို စုစည်းပြီး Certificate  ရတဲ့အထိ တစ်ပုံစံတည်းဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ရာ Certificate လက်မှတ်မရရှိသည့် GYM  များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တာဝန်ယူ ကျင်းပသွား ရမည်ဖြစ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုုက် လက်ခံကျင်းပနိုင်မည့် အားကစားနည်းများရှိပါက တင်ပြပေးသွားစေလိုကြောင်း၊ ယခု ဆိုရင် ရှမ်းပြည်နယ်၌ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘိလိယက်နှင့်စနူကာ ၊ ဘောလုံးပြိုင်ပွဲများကျင်းပ နိုင်အောင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဒီလိုပြိုင်ပွဲများ ကျင်းပရာတွင် အားကစားကွင်း/ရုံနှင့် တည်းခိုနေထိုင်ရေးတွင် အခက်အခဲမရှိစေရန် အဆောက်အဦး များဆောက်လုပ်နေပြီဖြစ်ကြောင်း၊ အားကစား လောက တိုးတက်ရန် မှန်ကန်သည့် စနစ်တစ်ခုသို့ မရောက်သေး၍သာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် Sports Science နှင့် Sports Medicine ကို ယခုကတည်းက ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်၍အားလုံးက ဝိုင်းဝန်းကူညီ ဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်းပြောကြားသွားပါသည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင် က ဇန်နဝါရီလ (၂၂)ရက်နေ့တွင်ကျင်းပမည့် Seminar ၌ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊  ယူအက်(စ်)အေ၊ တို့မှ လာရောက်ဆွေးနွေးပေးမည့် ပညာရှင်(၁၁)ဦး၏ အမည်များနှင့် ဆွေးနွေးမည့် ဘာသာရပ်များကို  တစ်ခုချင်းစီ တင်ပြဆွေးနွေးသွားခဲ့သည်။
 
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌ များ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်များကို တင်ပြကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ပြန်လည်ဆွေးနွေးပြီး Sports Science နှင့် Sports Medicineကို အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစား နေပါကြောင်းနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ မြန်မာ့အားကစားတက်လှမ်းနိုင်အောင် အားလုံးက ဝိုင်းဝန်းကူညီ ကြိုးစားဆောင်ရွက်ပြီး ထိုးဖောက်သွားနိုင်အောင် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

back to top Eng