skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).
နေပြည်တော်၊ နိုဝင်ဘာ(၁၁)ရက်။ ။
 
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၁၀)နှင့်(၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်(၁)နာရီတွင် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ 2020 Physical and Sports Education(PSE)Virtual Conference ကို ကျင်းပခဲ့ပါသည်။
 
အဆိုပါ Virtual Conference သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှတာဝန်ရှိသူများ၊ SOMS အဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
ဖွင့်ပွဲအခမ်းအနား၌ စင်ကာပူနိုင်ငံပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီး Minister Lawrence Wong မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
 
 
 
နိုဝင်ဘာ (၁၀)ရက်နေ့ ပထမပိုင်းတွင် ''Activating the Head,Heart and Hand''ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် Mr.Hanif Abdul Rahman(Principal Master Teacher of (PE) at Physical Education and Sports Teacher Academy (PESTA) ) မှဦးဆောင်ဆွေးနွေး၍ Dr.Tan Swee Kheng ( Speaker Founder I AM Kids (R) ) ၊ Mr.Azrulnizam Shah Sohaimi (Speaker FAS Coach of the Year Award Recipient 2019)၊ Mr.Samjay Radakrishna (Coach SG Singapore Coach Medallion Teacher Coach 2019)တို့က အဓိကဆွေးနွေးသူများ အဖြစ်ပါဝင်ဆွေးနွေးခဲ့ကြသည်။ 
 
နိုဝင်ဘာ (၁၀)ရက်နေ့ ညီလာခံ ဒုတိယအပိုင်း၌ ''Assessment-Feedback-Learning Cycle: Ms.DARE approach''ခေါင်းစဉ်ဖြင့် Mr.Chen Zhenjie မှ ဦးဆောင်ဆွေးနွေး၍ Mr.Adam Liew မှ Co.Presender အဖြစ်ပါဝင်ဆွေးနွေးခဲ့ပြီး ညီလာခံ တတိယပိုင်း၌ ''Differentiating Instruction in Game –Based Approaches:Students First" ခေါင်းစဉ်ဖြင့် Dr.Linda Griffin ( University of Massachusetts Amherst,USA) မှ ဆွေးနွေးခဲ့ကြသည်။
 
နိုဝင်ဘာ(၁၁)ရက်နေ့ ညီလာခံပထမပိုင်း၌ ''Effective Teaching in Adapted Physical Education: What Do We Know & What Show We Do'' ခေါင်းစဉ်ဖြင့် Dr.Andy Yao(San Francisco State University,USA) မှ ဆွေးနွေးပြောကြားခဲ့သည်။
 
နိုဝင်ဘာ (၁၁)ရက်နေ့ ညီလာခံ ဒုတိယအပိုင်း၌ ''Implications of Nonlinear Pedagogy on Teaching and Learning'' ခေါင်းစဉ်ဖြင့် Dr.Chow Jiayi(National Institute of Education,Singapore) မှ ဆွေးနွေးခဲ့ပြီး တတိယပိုင်းအစီအစဉ်၌ ''Fitplay-The Teaching and Learning of Physical Health and Fitness through Functional Movement and Exercise'' ခေါင်းစဉ်ဖြင့် Mr.Karthikegan Kumar(Yishun Innova Junior College) မှ ဦးဆောင်ဆွေးနွေး၍ Co-Presenter များအဖြစ် Mr.Lee Joong Keong & Ms.Stephanie Lim Boon Fang တို့မှ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

back to top Eng