skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home/cp391570/public_html/spedmyanmar.com/includes/menu.inc).
 
ရန်ကုန်၊ စက်တင်ဘာလ (၇)ရက်။
 
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၊ Clark City မြို့တွင် စက်တင်ဘာ(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ဂျပန်နိုင်ငံ အိုကာစကီမြို့တွင် စက်တင်ဘာ (၁၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ မြားပစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံသြ၀ါဒအခမ်းအနားကို ယနေ့နေ့လယ်(၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ၊ နည်းပြချုပ်/နည်းပြ  အားကစားသမားများတက်ရောက်ကြသည်။
 
 
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာမြားပစ်အားကစားအဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါ၀ရပြုပြီး (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) အဖြစ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးနှင့် အုပ်ချုပ်သူ/နည်းပြ ယာယီ ရဲမှူးသီသီ၀င်းတို့က ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ပူးတွဲလေ့ကျင့်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုရှင်းလင်းတင်ပြခဲ့ကြသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု၊ တိုးတက်မှုအခြေအနေများကို သိလိုခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားလုပ်သည့်နေရာတွင် ရူးသွပ်နေမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ ပစ်မှတ်အမှတ်များကိုရရှိထားသည့် စံချိန်ထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလို၍ မိမိတို့စိတ်နှင့်ပစ်သောလေ့ကျင့်ခန်းများ၊ များများလုပ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် နေ့စဉ်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်ခင် (၂)နာရီအလို အစာကိုဖြည့်ဆည်းထားရမည်ဖြစ်ပြီး အစားအသောက်အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တစ်နေ့တာလေ့ကျင့်မှုနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့်ပူးတွဲလေ့ကျင့်ရာတွင် မိမိတို့နိုင်ငံနှင့် အကျိုရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေး နှင့်အနေအထိုင်/စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံအားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သာခဲ့ရန်လိုအပ်ပါကြောင်း လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးကသွားရောက် ယှဉ်ပြိုင်ကြမည့် ITO(Jury)အုပ်ချုပ်သူ၊ နည်းပြချုပ်/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းနှုတ်ဆက်အားပေးခဲ့သည်။
 
အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့မြားပစ်အားကစားအဖွဲ့ချုပ်မှ(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ကြားထားသည့် ITO(Jury) (၁)ဦး၊ အုပ်ချုပ်သူ(၁) ဦး နည်းပြချုပ်/နည်းပြ (၃)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၄)ဦး ၊အမျိုးသမီး (၃)ဦး အားကစားသမား (Compound) အမျိုးသား(၃)ဦး၊ အမျိုးသမီး (၃)ဦး၊စုစုပေါင်း(၁၈)ဦးနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလားဖိတ်ခေါ် မြားပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သွားရောက်မည့် အုပ်ချုပ်သူ/နည်းပြ(၁)ဦး၊ အားကစားသမား (Recurve) အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးတို့သည် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 

back to top Eng